အကြောင်းအရာ: 

ဦးမျိုးကို ရာဇ၀င်ရိုင်းသူများ ဇာတ်ကားမရိုက်ခင်မေးခဲ့တဲ့ စကားတစ်ခုက သမီးစိတ်ထားက နူးညံ့တယ် အရမ်း Emotional ဖြစ်တယ် sensitive ဖြစ်တယ် ဒါပေမယ့်သမီးမျက်နှာအနေအထားက ဘုရားပေးတာ မျက်နှာကမာတယ်ထန်တယ်လို့အများကပြောကြတယ်ဆိုတော့ သနားစရာကောင်းတဲ့ character မျိုးလုပ်ရင်လူတွေကသနားနိုင်ပါ့မလား သနားစရာတကယ်ကောင်းပါ့မလားလို့ ဦးမျိုးကိုပြောခဲ့တယ် ဦးမျိုးက မဟုတ်ဘူးသမီး သမီးက တကယ့် artist ပီသတဲ့သူတစ်ယောက်ပဲဆိုတော့ သမီးရင်ထဲမှာဖြစ်နေတာက သမီးမျက်နှာမှာ ထွက်ကိုထွက်လိမ့်မယ် အဲ့တော့ဘာမှစိတ်မပူနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည့်မှုထားပြီး တော့ လုပ်သွားပါဆိုပြီးပြောတော့ တကယ်လည်းလုပ်ပြီး editing ကိုပြန်ကြည့်တော့ တကယ့်ကိုသနားစရာကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပြန်ရော