Samsung ကုမ္ပဏီအကြီးအကဲ Lee Jae-yongသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးနိုင်ငံရေးဆိုင်ရာအဂတိလိုက်စားမှုကြီး၌ သံသယရှိသည့်အတွက် ဒုတိယအကြိမ်စစ်ဆေးမေးမြန်းခံခဲ့ရကြောင်းသိရသည်။ တရားလိုများဖက်ကMr Leeအား ၀ရမ်းထုတ်ထိန်းသိမ်းနိုင်ခြင်းရှိမရှိကိုအဆိုပါကြားနာမှုအပေါ်အခြေခံ၍ ဆုံးဖြတ် သွားဖွယ်ရှိကြောင်းသိရသည်။

Samsung ကုမ္ပဏီသည် သမ္မတပတ်ဂွမ်ဟေး၏ လူယုံတော်တစ်ဦးကဆောင်ရွက်သည့် အမြတ်မယူသောဖောင်ဒေးရှင်းတစ်ခုသို့ နိုင်ငံရေးဆိုင်ရာမျက်နှာသာပေးမှုတစ်ခုနှင့် အပေးအယူသဘောမျိုးပြုလုပ်ပြီးအလှူငွေများလှူဒါန်းခဲ့သည်ဟုစွပ်စွဲခံထားရသည်။

“အမှန်တရားကိုပဲကျွန်တော်ထပ်မံထွက်ဆိုသွားမှာဖြစ်ပါတယ်။”ဟုတရားရုံးကြားနာမှုမပြုလုပ်မီMr Lee က သတင်းထောက်များကိုပြောကြားခဲ့သည်။ ၄င်းအနေဖြင့် ပြီးခဲ့သည့်ဇန်န၀ါရီလက အခြားသောကုမ္ပဏီများ၏ အမှုဆောင်အရာရှိများစွာနှင့်အတူတစ်ကြိမ်စစ်ဆေးမေးမြန်းခံခဲ့ရပြီးဖြစ်သည်။

သို့သော် တရားရုံးတော်က ၄င်းအားဖမ်းဆီးထိန်းသိမ်းရန် အခြေခံအကြောင်းအချက်လုံလောက်မှုမရှိဟုဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်များအတောအတွင်းကစုံစမ်းစစ်ဆေးသူများအနေဖြင့် အမှုကို ပြန်လည်သုံးသပ်ခဲ့ကြပြီးနောက်ထပ် မေးခွန်းထုတ်ရန်လိုအပ်သည့် ရှုထောင့်သစ်များရှိနေကြောင်းဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။

Samsungကုမ္ပဏီသည် နိုင်ငံရေးဆိုင်ရာအထောက်အပံ့ရယူလိုမှုနှင့် သမ္မတပတ်၏လူယုံတော် Choi Soon-sil နှင့် ၄င်း၏ညီမတော်စပ်သူတို့ ပူးတွဲပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုသို့ ယူရိုဒေါ်လာ ၂ ဒသမ ၈ သန်း(အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း) ပေးအပ်ခဲ့သည်ဟုတရားလိုများဖက်ကစွဲချက်တင်ထားကြောင်းသိရသည်။ 

 

 

Related News