Samsung Electronics Co. သည် အမေရိကန်နိုင်ငံရှိ ၄င်း၏ထုတ်လုပ်ရေးလုပ်ငန်းများကို ချဲ့ထွင်ရန် ကြီးကြီးမားမားရင်း နှီးမြှုပ်နှံမှုပြုသွားဖို့ စီစဉ်လျှက်ရှိကြောင်းနှင့် အနည်းဆုံး ပြည်နယ်ငါးခုတွင် ယင်းသို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသူများက ပြောကြားကြောင်း သိရသည်။ ဆွေးနွေးပွဲများကျင်းပပြုလုပ်ဆဲဖြစ်ပြီး၊ မည်သည့် ထုတ်ကုန်များကို မည်သည့်အချိန်၌ ထုတ်လုပ်မှုစတင်မည်စသည့် နောက်ဆုံးဆုံးဖြတ်ချက်ကိုမချမှတ်နိုင်သေးဟု ဆိုသည်။

ထို့ကြောင့် အသေးစိတ်အခြေအနေမှာပြောင်းလဲနိုင်သည်ဟု သိရသည်။ Samsung အနေဖြင့် ရေခဲသေတ္တာများ၊ အ၀တ် လျှော်စက်များ၊ အခြောက်ခံစက်များနှင့် အခြားအိမ်သုံးပစ္စည်းများ အမေရိကန်နိုင်ငံတွင် ထုတ်လုပ်လျှက်ရှိသည်ကို အရှိန် အဟုန်မြှင့်တင် ပေးသွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာကြီးမားလာဖွယ်ရှိ ကြောင်း အဆိုပါဆွေးနွေးပွဲများနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။ သို့သော် ၄င်းဆုံးဖြတ်ချက်နှင့်ပတ်သက် ၍သတ်မှတ်ထားသော ပြီးစီးရန်သတ်မှတ်ထားချိန် သို့မဟုတ် ကတိက၀တ်မရှိဟု ၄င်းတို့ကပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲအနိုင်ရရှိခြင်းက အမေရိကန်စက်ရုံတစ်ခုတွင်ရင်းနှီးမြှုပ်နှံမှုပြုရန် Samsung ကို စိတ်ဝင်စားစေခဲ့ကြောင်း ယင်းကိစ္စနှင့်ရင်းနှီးသူများက ပြောကြားခဲ့သည်။ မစ္စတာထရန့်က ၄င်း၏တိုင်းပြည် အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုဖန်တီးရန်ဆန္ဒရှိသည်ဟု မဲဆွယ်ပြောကြားခဲ့ပြီး မလိုက်နာသည့် ကုမ္ပဏီများကို ဒဏ်ခတ်မှုများပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ 

Related News