စားသောက်ကုန်ဈေးကွက်မှာ အတုထုတ်လုပ်မှုဟာ ကမ္ဘာ့အဆင့်နှိမ်နင်းရေးအထိ ဦးတည် စေခဲ့ပြီး ယူရိုသန်းပေါင်း(၂၃၀) တန်ဖိုးရှိတဲ့ စားသောက်ကုန်အတုတွေကို ဖမ်းဆီးမိတဲ့အထိ ဖြစ်လာစေခဲ့ပါတယ်။ ဒီဖမ်းဆီးမှုတွေကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ဥရောပရဲတပ်ဖွဲ့တို့က နိုင်ငံပေါင်း ၆၁ နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားမ၀င်ကုန်ပစ္စည်းအတုနဲ့ စံနှုန်းနိမ့်ထုတ်ကုန် တွေကို အဓိကထား နှိမ်နင်းရာမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ စုံစမ်းဖော်ထုတ်ရာမှာ အသင်းအဖွဲ့နဲ့ လုပ်ဆောင်နေတဲ့ တရားမ၀င် ကုန်သွယ်မှုကွန်ယက်တွေကိုအဓိက ပစ်မှတ်ထားလုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

စားသောက်ကုန်အတုထုတ်လုပ်တဲ့ ရာဇ၀တ်သား တွေဟာ လူသားတွေဘေးဖြစ်မှာကို ထည့်မတွက်ဘဲ အမြတ်ရဖို့ကိုပဲ အာရုံထားပြီး လုပ်ဆောင် ခဲ့တယ်ဆိုတာကို အခုဖမ်းဆီးမှုက သက်သေပြနေတယ်လို့ စုံစမ်းဖော်ထုတ်သူတွေ ဘက်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂျာမနီမှာဆိုရင် ထုတ်လုပ်မှုခွင့်ပြုချက် မဖော်ပြထားတဲ့ မြေပဲဆံ၊ သီဟိုစေ့တို့လို အစေ့အဆန်တွေကိုပါ အဓိကထား ဖမ်းဆီးခဲ့တာလို့ အင်တာပိုက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တရားမ၀င်ထုတ်ကုန်တွေဟာ အရက်၊သောက်ရေသန့်နဲ့ ဟင်းခတ် အမွှေးအကြိုင်အတွေအထိ ပါဝင်တယ်လို့ သိရပါတယ်။ တရားမ၀င်စားသောက်ကုန် ဖမ်းဆီးမှု တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုနှစ် မတ်လအတွင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News