အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးအတွက် လက်နက်တွေရုတ်သိမ်းဖို့နဲ့ အသက်မွေးပညာ သင်တန်းတွေပေးဖို့ ဂျပန်နိုင်ငံကကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကပြောပါတယ်။ ဧပြီလ(၅)ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပတဲ့ အီရတ်ပြန် လည်ထူထောင်ရေးနဲ့ လုံခြုံမှုရှိရေး အတွက် ကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ အာဘဲကပြောတာပါ။ အဲဒီညီလာခံကို အီရတ်ဝန် ကြီးချုပ်ဟိုင်ဒါ အယ်အာဘာဒီနဲ့ နိုင်ငံပေါင်း(၃၀)နဲ့ အဖွဲ့အစည်းတွေကအရာရှိတွေ တက်ရောက်ခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇) ခုနှစ်၊ ဒီဇင်ဘာလမှာ အီရတ်နိုင်ငံက အိုင်အက်စ်အကြမ်းဖက်တွေကို တိုက်ထုတ်နိုင်ခဲ့ပြီလို့ အီရတ်အစိုးရကကြေညာခဲ့ပေမဲ့ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ အောင်ပွဲအစစ်အမှန်ရနိုင်ဖို့ လက်နက်တွေဒဏ်ကနေ သက်သာရေးနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေရပ်ဆိုင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာဖို့ မူဘောင်(၁)ခုဖန် တီးပြီး အီရတ်နိုင်ငံရဲ့ပြန်လည်တည်ထောင်ရေးကို ကူညီသွားမယ်လို့ အာဘဲက ပြောပါတယ်။ အကြမ်းဖက်တွေလက်ကလွတ်လာတဲ့ နယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့လိုနေတယ်လို့ အာဘာဒီက ပြောပါတယ်။ ရေနံအဓိကထုတ်လုပ်တဲ့ အီရတ်အစိုးရနဲ့ ဂျပန်အစိုးရက ဆက်ဆံရေးတိုးမြှင့်လိုတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ နိုင်ငံတကာအစည်းအဝေးအပြီးမှာ ဂျပန်-အီရတ်ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပါတယ်။ 

 

 

Related News