မလေးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကို မလေးရှားဝန်ကြီးချုပ်ဒေါက်တာမဟာသီယာ မိုဟာမက်ကတိုက်တွန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့မေလမှာ ၀န်ကြီးချုပ်အဖြစ် မဟာသီယာ တာဝန်ပြန်ထမ်းဆောင်ခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်က ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တာပါ။ ဇွန်လ(၁၂)ရက်မှာတော့ ဂျပန်နိုင်ငံမြို့တော်တိုကျိုက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ထုတ်လုပ်ရေးကွင်းဆက်တွေအတွက် မလေးရှားနိုင်ငံ က အရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဟီရိုအာကီ နာကာနီရှီက ပြောပါတယ်။

မလေးရှားနိုင်ငံထဲမှာ ဂျပန်စက်ရုံ(၁၄၀၀)လောက်ရှိနေပါတယ်။ သူဦးဆောင်နေတဲ့မလေးရှားအစိုးရအဖွဲ့က စီးပွားရေးလုပ်ငန်း တွေကို ဖိတ်ခေါ်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပိတ်ထားတာကိုလည်း ပြန်ဖွင့်ပေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီ ယာကပြောပါတယ်။ ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ မလေးရှားနိုင်ငံမှာ စက်ရုံတွေပိုဆောက်ပြီး   နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အရေး တွေဖန်တီးပေးဖို့လည်း မဟာသီယာက တိုက်တွန်းခဲ့ပါတယ်။

 

 

 

 

Related News