ထိုင်းအစိုးရက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ အရှေ့စီးပွားရေးဇုန်အပါအ၀င် ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်တွေကို ပြင်သစ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ဆွေးနွေးခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံရဲ့စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရေးခရီးစဉ်အနေနဲ့ ဥရောပခရီးစဉ်သွားနေတဲ့ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာဟာ ပြင် သစ်သမ္မတ အီမန်နျူရယ် မတ်ခရွန်နဲ့ ဇွန်လ(၂၅)ရက်က ပြင်သစ်သမ္မတနန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ပြင်သစ်ကိုမသွားခင်မှာ ဗြိတိန်နိုင်ငံကို ပရာရွတ်ကသွားရောက်ခဲ့ပါတယ်။ သမ္မတမက်ခရွန်နဲ့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် တွေကို ဆွေးနွေးခဲ့တယ်လို့ MCOTသတင်းဌာနကဖော်ပြပါတယ်။ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ လာမယ့်နှစ်မှာကျင်းပ မယ့် ထိုင်းရွေးကောက်ပွဲအတွက် ထိုင်းစစ်အစိုးရကပြင်ဆင်နေတာတွေကိုလည်း ပရာရွတ်ကရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့(၂၀၁၇)ခု နှစ်၊ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံနဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့ တရားဝင်ပြန်ဆက်သွယ်ခဲ့ပြီးနောက် ပရာရွတ်က အခုခရီးစဉ်သွား ရောက်ခဲ့တာပါ။ ထိုင်းစစ်အစိုးရရဲ့ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာဖော်ပြထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပသွားမယ်ဆို တာကို ပရာရွတ်ကထပ်ပြီးအတည်ပြုခဲ့ပါတယ်။ အာဆီယံအပါအ၀င်တခြားနိုင်ငံတကာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းတဲ့ အီးယူကိုလည်း ပရာရွတ်ကချီးကျူးခဲ့ပါတယ်။ 

ထိုင်းနိုင်ငံကိုလာရောက်ဖို့လည်း မက်ခရွန်ကို ပရာရွတ်ကဖိတ်ကြားခဲ့ပါ တယ်။ ထိုင်းအစိုးရကအကောင်အထည်ဖော်နေတဲ့ အရှေ့စီးပွားရေးဇုန်မှာ နိုင်ငံအားလုံးက ရင်းနှီးမြှုပ်နှံသူတွေကို အခွင့်အရေး တန်းတူရနိုင်အောင်စီမံထားတယ်လို့ ပရာရွတ်က မက်ခရွန်ကိုပြောခဲ့ပြီး အဲဒီဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်သစ်စီးပွားရေးလုပ်ငန်းတွေ ရဲ့ကိုယ်စားလှယ်တွေကိုလည်း ပရာရွတ်ကဖိတ်ကြားခဲ့ပါတယ်။

 

 

 

 

 

 

Related News