အသေးစားစီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့နိုင်မယ့်အစီအစဉ်တစ်ခုကို ရှန်ဟိုင်းအစိုးက မိတ်ဆက်လိုက်တာကြောင့် ဒေသခံတချို့အတွက်အဆင်ပြေမှုရှိနေတယ်လို့သိရပါတယ်။ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်အသေးစားတွေကိုထောက်ပံ့ပေးနိုင်မယ့်အစီအစဉ်တစ်ခုကို ရှန်ဟိုင်းအစိုးရက မကြာသေးခင်ကမိတ်ဆက်ခဲ့ပါတယ်။ ၀ူ ချန်ချီယန်းဟာ ဆယ်စုနှစ်(၂)ခုကျော်ကြာတဲ့အထိ သူ့ရဲ့ယာယီဆိုင်ခန်းငယ်လေးထဲမှာ ဖိနပ်တွေပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့အခုနှစ်ဖေဖော်ဝါရီမှာ ရှန်ဟိုင်းအစိုးရက စတိုးဆိုင်ဖွင့်ဖို့ သူ့ကိုရန်ပုံ ငွေပေးခဲ့ပြီးနောက် ၀ူဟာအလှဆင်ဖန်စီပစ္စည်းတွေနဲ့ဖောက်သည်တွေအတွက်နေရာလုံလုံလောက်လောက်ရခဲ့ပါတယ်။

(၂၀၁၅) ခုနှစ်မှာ လူသွားလူလာများတဲ့လမ်းတစ်လျှောက်က အဆောက်အအုံဟောင်းတွေကို ပြန်ပြုပြင်ဖို့စလုပ်ခဲ့ပြီး အခုဆိုရင်ပြုပြင်မှု (၆၀)ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ပြုပြင်လိုက်တဲ့အဆောက်အအုံဟောင်းတွေဟာ အခုချိန်မှာတော့ဈေးဆိုင်သစ်၊ ပြခန်း၊ စာအုပ်ဆိုင်နဲ့ ကော်ဖီဆိုင်(၃၀)ကျော်ရဲ့ရောင်းချရာနေရာဖြစ်လာပြီး နိုင်ငံခြားသားတွေရဲ့အာရုံစိုက်မှုကိုလည်းရနေပါတယ်။ ရှန်ဟိုင်းအစိုးရရဲ့ အစီအစဉ်က အကျိုးအမြတ်အများကြီးမရနိုင်ပေမဲ့ မြေယာတန်ဖိုးတိုးလာစေနိုင်တယ်လို့ စီးပွားဖြစ်အိမ်ခြံမြေလုပ်ငန်းက အကြံ ပေးခေါင်းဆောင် အရီနာ ၀မ်ကထောက်ပြထားပါတယ်။           

 

                              

Related News