ဘောလိဝုဒ်အကျော်အမော်များဖြစ်ကြသည့် မင်းသမီး Deepika နဲ့ Priyanka တို့သည် ဟောလိဝုဒ်သို့ လည်း အတူတူပင်ဝင်ရောက်လာနိုင်ကာ အော်စကာဆုပေးပွဲတက်သည်အထိ အတူတူဖြစ်နေခဲ့ရာ အမေရိကန် ပါပါရာဇီများပင် ၎င်းတို့နှစ်ဦးကို သေချာမခွဲခြားနိုင်ဘဲ မျက်စိလည်နေကြသည်ဟုသိရသည်။  ထို့ကြောင့် ၎င်းတို့နှစ်ဦးကို အမည်မှားယွင်းကာ ဖော်ပြခြင်းမျိုးများ ဖြစ်ပွားလေ့ရှိသည်။

အမေရိကန် မီဒီယာတစ်ခုသည် မင်းသားကြီး ဗင်းန်ဒီဇယ်ပါဝင်သရုပ်ဆောင်ထားသည့် xXx: Return of Xander Cage ဖြင့်နာမည်ကြီးနေသော မင်းသမီး Deepika Padukone ကို Priyanka Chopra ဟုမှားယွင်းဖော်ပြခဲ့ဖူးသည်။ ယင်းသို့ဖြစ်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

လော့အိန်ဂျလိစ်လေဆိပ်တွင်လည်း လာကြိုကြသည့် ပရိသတ်များ "Hi, Priyanka"  and  "Priyanka, welcome back! " ဟု နာမည်မှားခေါ်ကာ ကြိုဆိုခဲ့ကြဖူးသည်။ Deepika သည် Priyanka ကိုအမှီလိုက်နိုငရန် ဟောလိဝုဒ် လောကထဲသို့ဝင်လာခဲ့သူဖြစ်သည်။ ထို့ပြင် သူမတို့နှစ်ဦးသည် နာမည်ကျော် talk shows များဖြစ်ကြသည့် Jimmy Kimmel, Jimmy Fallon, James Corden, Ellen DeGeneres တို့တွင်လည်း ပါဝင်ခဲ့ဖူးသူများဖြစ်သည်။ 

 

 

Related News