ပန်းချီဆရာတင်မောင်ဝင်း(ပြည်)ရဲ့ (၇)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေး မှာရှိတဲ့ တော်ဝင်ပန်းချီပြခန်းမှာ ပြသလျက်ရှိပါတယ်။ ပြပွဲကိုတော့ မတ်လ(၁၄) ရက်ကနေ (၁၉)ရက်အထိ(၅)ရက်တာပြသမှာဖြစ်ပြီး ပန်းချီကားတွေကို သာမန်ပန်းချီကားနဲ့ တီထွင်ဖန်တီးမှု ပြုလုပ်ထားတဲ့ ပန်းချီကားဆိုပြီး (၂)မျိုးခွဲခြားပြသထားပါတယ်။ ပြပွဲမှာတော့ ပန်းချီကား အချပ် (၂၀)ပြသထားပြီး ပန်းချီကားအားလုံးကို အခရိုင်းလစ်နဲ့ ရေးဆွဲထားတာပါ။ပန်းချီကားတွေရဲ့ဈေးနှုန်းတွေကိုတော့ အမေရိကန်ဒေါ်လာ(၃၀၀)ကနေ (၁၅၀၀) အထိသတ်မှတ်ထားရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News