တောင်ကိုရီးယားမင်းသမီးချိုဟေဂျန်းသည် သူမပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ကားအ တွက် ဇာတ်ကောင်စရိုက်နှင့် အထူးလိုက်ဖက်ညီစေရန်အတွက် ကိုယ်ခန္ဓာအလေးချိန်တိုးစေရန်အတွက် မူလက သွယ် သွယ်လျလျလှလှပပပုံစံကို စွန့်လွှတ်ကာ ခပ်၀၀အမျိုးသမီးတစ်ဦးအသွင် ဖြစ်စေရန်အတွက် ကြိုးပမ်းခဲ့ကြောင်း သိရှိရ သည်။ ချိုဟေဂျန်းသည် လတ်တလောရိုက်ကူးလျက်ရှိသော Weightlifting Fairy Kim Bok Joo အမည်ရှိရုပ်သံ ဇာတ် လမ်းတွဲတွင် အလေးမသမားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေရသည့်အတွက် ယင်းဇာတ်ရုပ်နှင့် သဘာဝကျကျ လိုက်ဖက်ညီမှုရှိစေရန်အတွက် အလေးချိန်တိုးစေသည့် အစားအသောက်များစားခဲ့ရသည်။

သူမသည် ယင်းဇာတ်လမ်းတွဲ တွင် အဓိကသရုပ်ဆောင်ဖြစ်သည့် အလေးမချန်ပီယံကင်ဘွတ်ဂျို၏ သူငယ်ချင်းဖြစ်သူအလေးမသမားဂျန်နန်ဟီးအဖြစ် ပါဝင်သရုပ်ဆောင်နေခြင်းဖြစ်သည်။ ကိုယ်အလေးချိန်လျှော့ချခြင်းသာ အထူးခေတ်စားသည့် တောင်ကိုရီးယားအနုပညာ လောကတွင် ချိုဟေဂျန်းကဲ့သို့ ဆုံးဖြတ်ချက်ချကာ လုပ်ဆောင်ရန် မလွယ်ကူသည့်အတွက် ချစ်မြတ်နိုးစရာ၊ လေးစားစရာ ဆုံးဖြတ်ချက်နှင့်အတူ ပြောင်းလဲလာမှုအတွက်လည်း ချီးကျူးကြောင်း နိုင်ငံတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

သူမပါ ၀င်သရုပ်ဆောင်လျက်ရှိသည့် ယင်းရုပ်သံဇာတ်လမ်းတွဲမှာ အားကစားဒရမ်မာဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး အလေးမ ချန်ပီယံကင်ဘွတ်ဂျို၏ ဘ၀ဇာတ်ကြောင်းအား အဓိကပုံဖော်ရိုက်ကူးထားခြင်းဖြစ်ကာ လတ်တလောတွင် MBC ရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိကြောင်း၊ ယင်းဇာတ်လမ်းတွဲတွင် ချိုဟေဂျန်းနှင့်အတူ လီဆန်ယောင်း၊ နမ်ဂျိုဟွတ်၊ လီဂျေ ယွန်းနှင့် ယောင်ဆိုးဂျင်တို့လည်း အတူတွဲဖက်ပါဝင်သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

 

 

Related News