ဆိုးလ်မြို့တွင် ကျင်းပပြီးစီးခဲ့သည့် (၁၄) ကြိမ်မြောက်ကိုရီးယားတေးဂီတထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် နာမည်ကျော်အဆိုတော် Jay Park က တစ်နှစ်တာအတွက် အကောင်းဆုံးအနုပညာရှင်ဆုအား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့နည်းတူ Bolbbalgan4 က တစ်နှစ်တာအကောင်းဆုံးတေးသီချင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံးပေါ့ပ်တေးသီချင်းဆုကိုမူ Wonder Girls အဖွဲ့၏ Why So Lonely တေးသီချင်းက ရရှိခဲ့သည်။

BewhY က Forever အမည်ရှိ တေးသီချင်းဖြင့် အကောင်းဆုံးရက်ပ်နှင့် ဟစ်ဟော့ပ်တေးသီချင်းဆုအား ဆွတ်ခူးနိုင်ခဲ့သလို Jay Park က ထပ်မံ၍ အကောင်းဆုံးအာရ်အန်ဘီနှင့် ဆိုးလ်အယ်လ်ဘမ်ဆုအား Everything you Wanted အမည်ရှိ တေးအယ်လ် ဘမ်ဖြင့် ထပ်မံရရှိခဲ့သည်။ ထို့နည်းတူ အဆိုတော် Jo Dong Jin ကလည်း ၄င်း၏ Like A Tree အမည်ရှိ တေးအယ်လ် ဘမ်ဖြင့် တစ်နှစ်တာအကောင်းဆုံးတေးအယ်လ်ဘမ်ဆုအား အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်ဟု သိရှိရသည်။

 

 

Related News