One Direction အဖွဲ့ဝင် အဆိုတော် လီယမ်ပိန်းသည် ၎င်း၏တစ်ကိုယ်တော် အယ်လ်ဘမ်ပြီးမြောက်ရန် နေ့မအိပ်ညမအိပ်ကြိုးသားနေသည်ဟု သိရသည်။ ယင်းသို့ပြုလုပ်နေရခြင်းသည် မကြာမီပင် ၎င်း၏ချစ်သူ ချယ်ရီးကိုးက ၎င်းတို့၏ပထမဦးဆုံး ရင်သွေးလေးကို ဖွားမြင်တော့မည်ဖြစ်သည့်အတွက်ဟု သိရသည်။ အချိန်မရွေး မွေးဖွားလာနိုင်သည့် ရင်သွေးလေး ဝေယျာဝစ္စများ ဆောင်ရွက်ပေးနိုင်ရန်  ၎င်း၏အယ်လ်ဘမ် အပြီးသတ်ရေးအတွက် လီယမ်သည် ည ၉ နာရီမှ မနက် ၄ နာရီ - ၅ နာရီအထိ လန်ဒန်မြောက်ပိုင်းရှိ Sound Tracks စတူရီယိုတွင် အလုပ်လုပ်နေသည်ကို မကြာခဏမြင်တွေ့ရသည်ဟု သိရသည်။

၎င်းစတူဒီယိုမှ ချယ်ရီနှင့်အတူနေနေသည့် ၎င်းတို့၏နေအိမ်ဆီသို့  တစ်နာရီကျော်ကြာ ကားမောင်းသွားရမည်ဖြစ်သဖြင့် လိုအပ်ပါက ချယ်ရီ့ဘေးသို့ အမြန်ဆုံးပြေးသွားနိုင်ရန် ဖုန်းသံကို အကျယ်ကြီးထားထားကြောင်း၊ အယ်လ်ဘမ်အတွက် လုပ်စရာများလည်း များစွာပြီးစီးနေပြီဖြစ်ကြောင်း သတင်းပေး တစ်ဦး၏ပြောကြားချက်အရ သိရသည်။

 

Related News