ဗြိတိန်နိုင်ငံ၏ Top 10 Hits Single Chart စာရင်း၏ သီချင်း (၁၀) ပုဒ်အနက် (၉) ပုဒ်သည် အသက် (၂၆ ) နှစ်အရွယ် နာမည်ကြီး အဆိုတော် တေးရေးဆရာ  Ed Sheeran ၏ Divide  တေးအယ်လ်ဘမ်ထဲမှ သီချင်းများက နေရာယူထားကြောင်းသိရသည်။ အနုပညာ ပင်ကိုယ်အရည်အချင်းရှိသူ တစ်ယောက်ဖြစ်သည့် Ed Sheeran ၏ ကြွယ်ဝချမ်းသာမှုမှာ ခန့်မှန်းခြေအားဖြင့် ပေါင်သန်း(၅၀) ရှိကြောင်း သိရသည်။

၎င်း၏ယခင်ကထွက်ခဲ့ဖူးသည့် တေးအယ်လ်ဘမ်များသည် နိုင်ငံအတွင်း အရောင်းရဆုံး (Top Five Best Sellers) ထဲတွင်လည်း နေရာယူနိုင်ခဲ့သည်။ Top 10 hits စာရင်းတွင် ၎င်း၏သီချင်း ၉ ပုဒ်က နေရယူနိုင်ခဲ့မှုအပေါ်  ယခုကဲ့သို့ Top 10 တွင် (၉)ပုဒ်က ၎င်း၏သီချင်းများ ဖြစ်လာမည်ကို ၎င်းးအနေဖြင့်တစ်ခါမျှမမျှော်မှန်းခဲ့ဖူးကြောင်း၊ တစ်ခုခုများ မှားနေသည်ဟု သံသယ၀င်မိသော်လည်း ယခုလိုရပ်တည်နိုင်သည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း Ed Sheeran  က ၎င်း၏ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ Divide တေးအယ်လ်ဘမ်သည်  ဗြိတိန်နိုင်ငံသမိုင်းတစ်လျှောက်တွင် အမြန်ဆုံး စံချိန်တင် ရောင်းချနိုင်ခဲ့သည့် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်ပြီး အချပ်ရေ (၇)သိန်းနီးပါးရောင်းချ နိုင်ခဲ့သည်။ 

 

 

Related News