Disney ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ပြီး မင်းသမီး အမ်မာဝပ်ဆန် အဓိက ပါဝင်သရုပ်ဆောင်ထားသည့် Beauty and the Beast ဇာတ်ကားသစ်၏ ရုံတင်ပြသမကှို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။ မူလက လာမည့် ၁၆ ရက်တွင်ပြသရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင် ပြသရက်ကိုရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကာ အကြောင်းအရင်းကိုမူ သက်ဆိုင်ရာအဖွဲ့အစည်းမှ အတည်ပြုထုတ်ပြန်ပြောကြားခြင်း မရှိသေးကြောင်းသိရသည်။

ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် ရုံတင်ပြသရက်အသစ်သတ်မှတ်ရန်အတွက် ဆွေးနွေးနေကြောင်း Disney ၏ပြောခွင့်ရပုဂ္ဂိုလ်က မလေးရှားသတင်းစာ The Star ကို ပြောကြားခဲ့သည်ဟု သိရသည်။ Beauty and the Beast ဇာတ်ကားတွင် လိင်တူချင်း ချစ်ခင်စုံမက်သည့် ဂေး (gay) ဇာတ်ရုပ်ပါဝင်နေမှုကြောင့် ပြီးခဲ့သည့်သီတင်းပတ် အတွင်းတွင် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မလေးရှား ရုပ်ရှင်ရုံလုပ်ငန်းစု GSC Cinemas က အဆိုပါ ဇာတ်ကားအတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများကို ငွေပြန်အမ်းသွားမည်ဟု ကြေညာထားကြောင်း သိရသည်။ 

 

Related News