Game of Thrones ဇာတ်ကားထဲတွင် အာယာစတာ့ခ်အဖြစ် သရုပ်ဆောင်သည့် မင်းသမီး မေစီဝီလျံသည် အဆိုတော် Ed Sheeran ၏ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး Game of Thrones ဇာတ်ကားထဲတွင် Ed Sheeran ကို အထူးဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ပေးရန် ကြိုးစားနေသူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် Ed Sheeran သည် ၎င်း၏ အမာခံပရိတ်သတ်ဖြစ်သူ မေစီဝီလျံ ကို အံ့သြ၀မ်းသာစေရန် Game of Thrones: Season 7 ဇာတ်ကားထဲတွင် အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ရန်ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ Ed Sheeran သည် GoT Game of Thrones ဇာတ်လမ်းတွဲများကို သဘောကျသူတစ်ဦးဖြစ်ပြီး Game of Thrones: Season 7 ဇာတ်ကားထဲတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးမည်ဖြစ်ကြောင်း ၎င်း၏ ရှိုးပွဲများအားစီစဉ်ပေးနေသည့် David Benioff နှင့် Dan Weiss တို့က တရားဝင်ကြေညာလိုက်ကြောင်း သိရသည်။ အဆိုပါဇာတ်ကားကို လာမည့် ဇူလိုင်လ ၁၆ ရက်တွင် စတင် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

 

Related News