တောင်ကိုရီးယားထိပ်တန်းအနုပညာရှင်များဖြစ်ကြသည့် Rain နှင့် Kang Sora တို့သည် Uhm Bok Dong အမည်ရှိ သမိုင်းနောက်ကြောင်းခံရုပ်ရှင်ဇာတ်ကားသစ်၌ အတူတကွတွဲဖက်သရုပ်ဆောင်ရန်အတွက် ထုတ်လုပ်ရေးအဖွဲ့နှင့် လိုအပ်သည့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံလက်အောက် ရောက် ရှိနေစဉ် ကိုရီးယားနိုင်ငံ၏ အချိန်ကာလနှင့် အခြေအနေများအား နောက်ခံထားကာ နိုင်ငံ၏လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်သူရဲကောင်းတစ်ဦးအကြောင်းကို အဓိကဇာတ်အိမ်ဖွဲ့ရိုက်ကူးသွားမည့် အဆိုပါရုပ်ရှင်ဇာတ် ကားသစ် Uhm Bok Dong အား နာမည်ကျော်သရုပ်ဆောင် Lee Beom Soo မှ ထုတ်လုပ်ရိုက်ကူးသွားမည်ဖြစ်ကာ ၄င်း ကိုယ်တိုင်ကလည်း ရုပ်ရှင်၏အဓိကဇာတ်ကောင် သူရဲကောင်း Uhm Bok Dong ၏ ဆရာဖြစ်သူ Hwang Jae Ho အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

Rain နှင့် Kang Sora တို့သည် အဆိုပါရုပ်ရှင်ဇာတ်ကားသစ်ကြီးတွင် ပါဝင်သရုပ် ဆောင်ရန်အတွက် ကမ်းလှမ်းခြင်းခံထားရသော်လည်း ယတိပြတ်သေချာမဆုံးဖြတ်ရသေးကြောင်း၊ ဇာတ်လမ်းသဘောနှင့် အကြောင်းအရာကိုတော့ သဘောကျနှစ်သက်မှုရှိကြကြောင်း သိရှိရသည်။

 

 

Related News