လတ်တလော နာမည်ကြီးနေသည့် The Beauty and the Beast ဇာတ်ကား၏ မင်းသမီးချောလေး  Emma Watson သည် ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး သူမ၏ဓာတ်ပုံများစွာအခိုးခံခဲ့ရပြီး သူမ၏လျှို့ဝှက်ဓါတ်ပုံများ အွန်လိုင်းပေါ် တွင် ပေါက်ကြားခဲ့ကြောင်း သိရသည်။  ပေါက်ကြားသွားသည့် ဓါတ်ပုံများထဲတွင် အီမာ၏ အ၀တ်ဗလာကျင်းနေသည့် ပုံတွေများ ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။

ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်များစွာတို့တွင် ဓါတ်ပုံများ ပေါက်ကြားနေပြီး ယင်းဓာတ်ပုံများအား စတင်ဖြန့်ဖြူးသည့် ၀က်ဘ်ဆိုဒ်သည် ခြေရာခံရန်အတ်ာခက်ခဲ့သည့် ၀က်ဘ်ဆိုက် (dark web) တစ်ခုဖြစ်ကြောင်း သိရသည်။ ဗလာကျင်းနေသည့်ပုံများ ထွက်ပေါ်လာသည်ဆိုသည့် သတင်းကို အီမာတို့ဘက်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ၎င်းကိစ္စကို ဥပဒေဖြင့်သေချာဖြေရှင်းသွားမည်ဟု ပြောကြားခဲ့ကာ ရှေ့နေများဖြင့်ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။

အီမာ ၏ ပြောရေးဆိုခွင့်ရှိသူကမူ ပေါက်ကြားလာသည့် ဓါတ်ပုံများထဲတွင် အီမာသည် အ၀တ်လဲခန်းထဲတွင် ၀ိတ်စုံဖန်တီးရှင် စုံတွဲနှင့်အတူရှိနေသည့် ပုံများသာဖြစ်ပြီး အ၀တ်မပါသည့် ပုံများမဟုတ်ကြောင်း ပြောကြားခဲ့သည်။ အီမာ၏ Beauty and the Beast ဇာတ်ကားရုံ တင်သည့်အချိန်မှာပင် အချိန်ကိုက်ကာ ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းဖြစ်သည်။

 

 

Related News