ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကကျင်းပခဲ့သည့် ကမ္ဘာပေါ်တွင် ရေပန်းစားကျော်ကြားလွန်းသည့် လိင်ပြောင်းအလှမယ်ရွေးချယ်ပွဲMiss International Queen 2016 ၏ သရဖူကိုထိုင်းအလှမယ်  JiratchayaSirimongkolnawin က သိမ်းပိုက်ဆွတ်ခူးသွားခဲ့ကြောင်းသိရသည်။ အဆိုပါMiss International Queenရွေးချယ်ပွဲကို ၂၀၀၄ ခုနှစ်ကတည်းကထိုင်းနိုင်ငံပတ္တရားမြို့တွင်စတင်ကျင်းခဲ့ခြင်းဖြစ်ကာကမ္ဘာတစ်လွှားမှ လိင်ပြောင်းအလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြ သည်။ အသက် ၂၅ နှစ်အရွယ် ထိုင်းအလှမယ် JiratchayaSirimongkolnawin သည်အခြား ပြိုင်ပွဲဝင် ၂၄ ဦးနှင့်ယှဉ်ပြိုင်ကာအနိုင်ရခဲ့ခြင်းဖြစ်ပြီးဒုတိယနှင့်တတိယဆုကိုဘရာဇီးနှင့်ဗင်နီဇွဲလားအလှမယ်များကဆွတ်ခူးသွားခဲ့ကြကြောင်းသိရသည်။

ယင်းပြိုင်ပွဲကိုမတ်လ ၁၀ ရက်နေ့ကထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ Tiffany's နိုက်ကလပ်တွင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေတွင် ထိုင်းဘုရင် ဘူမိဘောကွယ်လွန်သွားပြီးနောက် ထိုင်းနိုင်ငံ၏ဝမ်းနည်းပူဆွေးဖွယ် ကာလအဖြစ်သတ်မှတ်ခဲ့မှုကြောင့် မူလက၂၀၁၆ နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့်ယင်းပြိုင်ပွဲကိုရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

Related News