ကိုယ်ရေးကိုယ်တာဓာတ်ပုံများစွာHackခံရမှုအတွက် မင်းသမီးအမ်မာဝက်ဆန်ကတရားစွဲဆိုလိုက်ပြီးနောက်  ယခုတစ်ဖန် ဟောလိဝုဒ် မင်းသမီးအမန်ဒါဆေးဖရိုင်း၏အဝတ်ဗလာဓာတ်ပုံများအပြင် ရည်းစားဟောင်းနှင့် အိပ်ရာထဲမှ ဓာတ်ပုံများ Hack ခံလိုက်ရပြန်ကြောင်းသိရသည်။အမ်မာဝက်ဆန်၏ ပြောရေးဆိုခွင့်ရှိသူကအမ်မာ၏ဓာတ်ပုံများသည် သူမအဝတ်အစားလဲလှယ်နေစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံများသာဖြစ်ပြီး အ၀တ်ဗလာပုံများမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်းအမန်ဒါဆေးဖရိုင်းကမူအလွန်ပုဂ္ဂိုလ်ရေးဆန်သည့် ဓာတ်ပုံများဖြစ်ကာအဝတ်ဗလာသို့မဟုတ် အခြားသူမမြင်အပ်သည့်ရည်းစားဟောင်းနှင့် ရိုက်ထားသည့်ဓာတ်ပုံများ ဖြစ်နေသည်ဟုသိရသည်။ အမန်ဒါရဲ့ကိုယ်စားလှယ်ကိုတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးမှတ်ချက်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ယခင်ကလည်းဂျနီဖာလောရန့်စ်နှင့် ပီပါမက်ဒယ်တန်တို့ကဲ့သို့နာမည်ကြီးမင်းသမီးများ၏ဓာတ်ပုံများလည်း Hack ခံရကာခိုးခံရဖူးကြောင်းသိရသည်။

 

 

Related News