တောင်ကိုရီးယားနာမည်ကျော်မင်းသားတစ်လက်ဖြစ်သည့် Yoo Seung-ho သည် လတ်တလောထုတ်လွှင့်ပြသနေသည့် Ruler: Master of the Mask အမည်ရှိရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေချိန်ကာလအတွင်းကိုယ်အလေးချိန် ၅ ကီလိုခန့် လျော့ကျခဲ့ကြောင်းသိရှိရသည်။ ယင်းဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသားဖြစ်သည့်  Yoo Seung-ho သည် ဇာတ်ဝင်ခန်းတိုင်းလိုလို ပါဝင်သရုပ်ဆောင်နေရသည့်အတွက် အနားယူမှုလုံလုံလောက်လောက် မရရှိခဲ့သည့်အတွက် အအိပ်၊ အစားမမှန်ဘဲယခုကဲ့သို့ ကိုယ်အလေးချိန်လျော့ကျခဲ့ခြင်းဖြစ်သည်။

Yoo Seung-ho သည် ဇာတ်လမ်းတွဲ၌ ပါဝင်ရသည့်အခန်းများလွန်းသည့်အတွက် အိပ်ရေးမ၀ဖြစ်ခဲ့ရာမှ ယခုလိုကိုယ်အလေးချိန်သိသိသာသာကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း၊ Yoo Seung-ho ၏ ကျန်းမာရေးအခြေအနေအားထိခိုက်မှုမရှိစေရန်အတွက် ရိုက်ကူးရေးအစီအစဉ်များအားဂရုတစိုက်ရေးဆွဲထားကြောင်းယင်းရုပ်ရှင်ကားထုတ်လုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။ လက်ရှိတွင် MBC ရုပ်သံလိုင်းမှ ပြသလျက်ရှိသည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲအတွက် အိပ်ရေး၀၀မအိပ်စက်ရသည့် မင်းသားအတွက် ၄င်း၏ ပရိသတ်များကလည်းစိတ်ပူပန်လျက်ရှိသည်ဟု လူမှုကွန်ယက်မီဒီယာများမှတဆင့် ဖော်ပြ ခဲ့ကြသည်ဟုသိရသည်။ 

 

 

Related News