ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကားများ၏ ၂၅ ကားမြောက် ဇာတ်ကားသစ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရုံတင်ပြသသွားမည်ဟုကြေငြာလိုကကြောင်းသိရသည်။ သို့သော်လည်းဇာတ်ကားနာမည်နှင့် ပါဝင်မည့် သရုပ်ဆောင်များနှင့် အဓိကဇာတ်လိုက်အဖြစ် မင်းသားDaniel Craig ပါဝင်မည် မပါဝင်မည်ကိုမူ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှီသေးကြောင်းသိရသည်။ Casino Royale၊ Quantum Of Solace၊ Skyfall၊ Spectreအစရှိသည့် ဂျိမ်းစ်ဘွန်းဇာတ်ကား ၄ ကားတွင် ဂျိမ်းစ်ဘွန်းအဖြစ် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သူDaniel Craigကိုအဆိုပါဇာတ်ကားသစ်တွင် ဆက်လက်မြင်တွေ့ရဦးမည်ဟုသတင်းများထွက်ပေါ်နေလျက်ရှိသည့်အတွက် ပရိတ်သတ်များမှ စိတ်ဝင်စားနေလျက်ရှိသည်။ ထို့ပြင် ၎င်းဇာတ်ကားကိုဒါရိုက်တာ Christopher Nolan ကပင် ဆက်လကရိုက်ကူးသရုပ်ဖော်မည်လားဆိုသည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။

 

 

Related News