ကမ္ဘာကျော် Hard Rock ဂီတအမျိုးအစားတေးဂီတအဖွဲ့ Linkin Park ၏ ခေါင်းဆောင်အဆိုတော် Chester ကွယ်လွန်သွားသည့်အတွက် Linkin Park ၏ Tour အစီအစဉ်ဖြစ်သည့် One More Light ကမ္ဘာလှည့်ဖျော်ဖြေပွဲများကိုရပ်ဆိုင်းထားခဲ့ရသည်ဖြစ်ရာယခုအခါတွင်၎င်း Tour အစီအစဉ်အတွက် Bring Me the Horizon Band အဖွဲ့၏အဆိုတော် Oliver Sykes ကို ပါဝင်ကူညီပေးရန် တောင်းဆိုထားသည်ဟုသတင်းများထွက်ပေါ်နေလျက်ရှိသည်။အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီးOliver Sykes သည်မဂ္ဂဇင်းတစ်ခုနှင့် အင်တာဗျူးတွင် ၎င်းအလွန်လေးစားရသည့် Band တစ်ခုနှင့် လက်တွဲခွင့်ရသည့်အတွက် အလန်ဝမ်းသာ၈ုဏ်ယူမိကြောင်း၊ Hard Rock ဂီတ၏ အထင်ကရပုဂ္ဂိုလ်ကြီး၏ ခြေရာကိုအစားထိုးမှီမည်မဟုတ်သော်လည်း ၎င်းဂုဏ်ယူနိုင်စေရန်အတွက် အကောင်းဆုံး ကြိုးစားသွားည်ဟုပြောကြားခဲ့ကြောင်းသိရသည်။ ထို့ပြင်အဆိုပါ One More Light ကမ္ဘာလှည့်ဖျော်ဖြေပွဲသည် Chester အတွက် အမှတ်တရဂုဏ်ပြုဖျော်ဖြေပွဲဟုလည်းသတ်မှတ်နိုင်ပြီးLinkin Park အဖွဲ့အနေဖြင့်မကြာမီ တရားဝင်ကြေငြာချက် ထုတ်ပြန်သွားလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

 

 

Related News