Wild Goose Dream အမည်ရှိကိုရီးယားလူမျိုးပြဇာတ်ရေးဆရာဂျန်ဟန်ဆိုးရေးသားသည့် ပြဇာတ်အားအမေရိကန်ပြည်ထောင်စုတွင် စင်တင်ကပြမည်ဖြစ်ရာတောင်ကိုရီးယားနာမည်ကျော်မင်းသမီးတစ်လက်ဖြစ် သည့် ကင်ယွန်ဂျင်လည်း ပါဝင်ကပြမည်ဟု သိရှိရသည်။ မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ထွက်ပြေးတိမ်းရှောင် လာသူယိုနမ်ဟီးဟူသည့် အမျိုးသမီးက အွန်လိုင်းအောင်သွယ်ဝက်ဘ်ဆိုဒ်တစ်ခုမှတဆင့် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံချစ်ကြိုက်သွားသည့်အကြောင်းအားပုံဖော်ရေးဖွဲ့ထားခြင်းဖြစ်သည်။ ယင်းပြဇာတ်ကိုအမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့ရှိLajolla Playhouse Theater တွင် လာမည့်စက်တင်ဘာလ (၁၀) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိကပြသွားမည်ဖြစ်ကြောင်းသိရသည်။ မင်းသမီးကင်ယွန်ဂျင်သည် တောင်ကိုရီးယားတွင်သာမကအမေရိကန်ပြည်ထောင်စု၌ပါ အနုပညာလှုပ်ရှားမှုများလုပ်ဆောင်နေသူဖြစ်ကာ Lost၊ Mistresses အစရှိသောအမေရိကန်ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း  ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမပါဝင်သည့် House of Disappeared အမည်ရှိရုပ်ရှင်ဇာတ်ကားအားတောင်ကိုရီးယားတွင် ယခုနှစ်အစောပိုင်းက ဖြန့်ချိခဲ့ကြောင်းသိရှိရသည်။ 

 

 

Related News