ကမ္ဘာကျော် ဗြိတိန်အမျိုးသားတေးဂီတအဖွဲ့ One Diredtionဟယ်ရီစတိုင်သည် Victoria’s Secret မော်ဒယ်တစ်ဦးဖြစ်သူCamille Rowe နှင့် ချစ်သူများအဖြစ်တွဲနေပြီဟုသတင်းများထွက်ပေါ်နေလျက်ရှိသည်။ မကြာမီလများအတွင်းကပင် အလုက်များအလွန်ရှုပ်နေသည့်အတွက် အချစ်ရေးကိုမစဉ်းစားနိုင်သေးကြောင်းသို့သော်လည်းချစ်သူထားရန် အစီအစဉ် ရှီကြောင်းပြောကြားခဲ့သူဟယ်ရီစတိုင်သည် Camille Rowe နှင့် ချစ်သူဖြစ်နေသည်မှာမကြာသေးကြောင်းနှင့် ၎င်း၏ အချစ်ရေးကို လျှိုရ၀ှက်ထားချင်ပုံရှိကြောင်း သိရသည်။ ၎င်းတို့၏အချစ်ဇာတ်လမ်းကိုလူသိရှင်ကြားအဖြစ်ချင်သေးသော်လည်းဟယ်ရီသည် Camilleကိုအလွန်စွဲလမ်းလျက်ရှိနေသည်ဟုလည်းသိရသည်။

၂၀၁၆ ခုနှစ်တွင် Victoria’s Secret မော်ဒယ်တစ်ဦးဖြစ်လာသူပြင်သစ်သူအသက် ၂၇ နှစ်အရွယ် Camilleသည် လော့စ်အျန်ဂျလိစ်တွင်နေထိုင်သူဖြစ်ကာAdidas Original, Louis Vuitton, Dior နှင့် ပြင်သစ်တံဆိပ်ဖြစ်သည့်Zadig and Voltaire တို့အပါအဝင် နာမည်ကြီးတံဆိပ်တော်တော်များများအတွက် မော်ဒယ်လုပ်ပေးခဲ့ဖူးသူဖြစ်သည်။ ဟယ်ရီစတိုင်ဟာသူမမတိုင်မီတွင် ကာရာဒယ်လဗင်း၊ ကန်ဒဲဂျန်နာ၊ ဆာရာဆမ်ပီယိုနှင့် နက်ဒင်းလီယိုပိုးဒ်ဆိုသည့် Victoria's Secret မော်ဒယ် ၄ ဦးနှင့် တွဲခဲ့ဖူးသူဖြစ်သည်။

 

 

Related News