ကမ္ဘာကျော် အဆိုတော် ဘရစ်တနေစီးယားသည် သူမထက် အသက် ၁၂ နှစ်ငယ်သည့် ချစ်သူသစ်ရနေပြီဟု တရားဝင်ကြေငြာလိုက်ပြီဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် ဘရစ်တနေစပီးယား၏ ချစ်သူသစ်မှာသူမ၏ Slumber Party သီချင်းတွင် အတူသရုပ်ဆောင်ခဲ့သူအသက် ၂၃ နှစ်အရွယ် Sam Asghariဆိုသူဖြစ်သည်။ ၎င်းတို့နှစ်သည် ဗီဒီယိုဖိုင်လေးတစ်ခုဖန်တီးပြီးအင်စတာဂရမ်တွင်တင်ကာ၎င်းတို့၏အချစ်ရေးကိုတရားဝင်ကြေငြာလိုက်ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်လေးထဲမှာသူတို့နှစ်ဦးစလုံးဟာအပြုံးကိုယ်စီနဲ့ အရမ်းကိုပျော်ရွှင်နေပုံပါပဲ။ကလေးနှစ်ယောက်မိခင် ဘရစ်တနေနှင့်ကာယအလှ မော်ဒယ်တစ်ဦးဖြစ်သူဆမ်တို့သည်ယခုနှစ်စပိုင်းကတည်းကချစ်သူများအဖြစ်တွဲနေခဲ့ကြခြင်းဖြစ်ပြီးယခုအခါမှ တရားဝင်ကြေငြာလိုက်ခြင်းဖြစ်သည်။ ဘရစ်တနေသည် ၁၉၉၉ ခုနှစ်တွင်ဂျက်စတင်တင်းဘားလိတ်ခ်နှင့်ချစ်သူတွေဖြစ်ခဲ့ပြီး၂၀၀၂ခုနှစ်တွင်လမ်းခွဲခဲ့ပြီးနောက်ငယ်ချစ်ဖြစ်သူဂျက်ဆင်အလက်ဇန္ဒားနှင့်လက်ထပ်ခဲ့သည်။

ဂျက်ဆင်နှင့်ကွဲသွားပြီးနာက် Dancer တစ်ဦးဖြစ်သူကယ်ဗင်ဖီဒါလိုင်းနှင့် ၂၀၀၄ ခုနှစ်တွင်လက်ထပ်ခဲ့ပြီးအမြွှာသားလေးနှစ်ဦးမွေးဖွားခဲ့သည်။ ကယ်ဗင်နှင့်လည်းလက်ထပ်ပြီး ၃ နှစ်အကြာတွင် လမ်းခွဲခဲ့ကာ  ရုပ်သံထုတ်လုပ်သူတစ်ဦးဖြစသူချာလီအီဘာဆန်နှင့်တွဲခဲ့ပြီး ၈ လအကြာတွင် လမ်းခွဲခဲ့သည်။

 

 

Related News