၂၀၁၆ ခုနှစ်အတွင်းက ထွက်ရှိကာ အာရှတစ်လွှားအထူးနာမည်ကျော်ကြားခဲ့သည့် တောင် ကိုရီးယားသည်းထိတ်ရင်ဖိုဇာတ်ကား “Train to Busan” အား လာမည့်စက်တင်ဘာလတွင် ဂျပန်နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဟု ယင်းဇာတ်ကားအား ထုတ်လုပ်ခဲ့သည့် Next Entertainment World မှ သတင်းထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဒါရိုက်တာယွန်ဆန်းဟိုရိုက်ကူးခဲ့ပြီး ဂေါင်ယိုး၊ အန်ဆိုဟီး၊ ကင်ဆုအန်၊ ဂျန်ယူမီ၊ မာဒေါင်ဆော့ခ်၊ ကင်အွန် ဆန်နှင့် ချွဲဝီရှိတို့ ပါဝင်သရုပ်ဆောင်ထားသော ယင်းရုပ်ရှင်ဇာတ်ကားကို Shinkansen: Final Express အမည်ဖြင့် လာ မည့် စက်တင်ဘာလ (၁) ရက်နေ့တွင် ဂျပန်နိုင်ငံရှိ မြို့ပေါင်း (၄၄) မြို့ရှိ ရုပ်ရှင်ရုံပေါင်း (၁၄၈) ရုံတွင် ပြသသွားမည်ဖြစ် သည်။

ဘူဆန်သို့သွားသည့် အမြန်ရထားတစ်စင်းပေါ်တွင် ဆန်းကြယ်သော Zombie ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများလက် မှ လွတ်မြောက်ရန် ကြိုးစားပုံကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသော အဆိုပါရုပ်ရှင်ဇာတ်ကားသည် ယမန်နှစ်အတွင်းက တောင်ကိုရီးယားလက်မှတ်ရောင်းချမှုဝင်ငွေစာရင်းတွင် စံချိန်သစ်တင်နိုင်ခဲ့ပြီး ပရိသတ်ကြည့်ရှုမှုပေါင်း (၁၁) သန်းကျော် ရှိခဲ့သည်။ပင်သစ်ရုပ်ရှင်ကုမ္ပဏီ Gaumont ကလည်း ယင်းဇာတ်ကားအား အသစ်တဖန်ပြန်လည်ဆန်းသစ်ရိုက်ကူးရန်အ တွက် မူပိုင်ခွင့်ဝယ်ယူထားကြောင်းလည်း သိရှိရသည်။ 

 

 

 

Related News