တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်ဒါရိုက်တာ ဘောင်ဂျွန်ဟိုရိုက်ကူးသည့် Okja အမည်ရှိ အက်ရှင်စွန့်စားမှုရုပ်ရှင်ဇာတ်ကားအား ရုပ်ရှင်ရုံများနှင့် Netflix တို့တွင် တပြိုင်နက်ပြသရန်ကိစ္စနှင့် ပတ်သက်၍ သဘော ထားကွဲလွဲမှုအတော်များများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားရုပ်ရှင်ရုံအများစုက Okja အား မပြသဟု ငြင်းဆို ခဲ့သော်လည်း လက်မှတ်စောင်ရေ (၃) သိန်းကျော်အထိ ရောင်းချနိုင်ခဲ့ပြီဟု သိရှိရသည်။

ကျေးလက်ဒေသနေ မိန်းကလေး တစ်ဦးက သူမ၏မိတ်ဆွေဖြစ်သော Okja အမည်ရှိ အလွန်ကြီးမားသောသတ္တ၀ါကြီးတစ်ကောင်အား သက်ဆိုင်ရာကုမ္ပဏီ တစ်ခုက လာရောက်ဖမ်းဆီးခြင်းအား ကာကွယ်ပေးသည့်အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်း ဇာတ်ကားအား ယခုနှစ်၊ မေလအတွင်း ကျင်းပခဲ့သော ကိန်းရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။ အဆို ပါရုပ်ရှင်ဇာတ်ကားအား ရုပ်ရှင်ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများအား အွန်လိုင်းမှတဆင့်ဖြန့်ချိသည့် Netflix နှင့် Plan B Entertainment တို့က ဒေါ်လာသန်း (၅၀) အကုန်ကျခံကာ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

 

 

Related News