တောင်ကိုရီးယားထိပ်တန်းတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် EXO သည် မြောက်ကိုရီးယား တွင်လည်း အထူးရေပန်းစားကျော်ကြားလျက်ရှိကြောင်း သိရှိရသည်။ Channel A ရုပ်သံလိုင်းမှ စီစဉ်တင်ဆက်သော I’ll meet you now အမည်ရှိသော ရုပ်သံအစီအစဉ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့်အမျိုးသမီးက မြောက်ကိုရီး ယားတွင် EXO အဖွဲ့မှာ လွန်စွာလူကြိုက်များလျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားရှိ ဆယ်ကျော် သက်လူငယ်များသည် EXO အဖွဲ့အား အလွန်ကြိုက်နှစ်သက်ကြကြောင်း၊ မြောက်ကိုရီးယားအမျိုးသားတစ်ဦးက အမျိုး သမီးငယ်တစ်ဦးအား ချစ်ကြိုက်မိပြီဆိုပါက မည်မျှကြိုက်နှစ်သက်သည်ကို EXO အဖွဲ့၏ Growl အမည်ရှိ တေးသီချင်းဖြင့် ချစ်ခွင့်ပန်ကြလေ့ရှိကြောင်း တောင်ကိုရီးယားသို့ ထွက်ပြေးလာသည့် ယင်းအမျိုးသမီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

SM Entertainment က ၂၀၁၁ ခုနှစ်မှစတင်ကာ တည်ထောင်ပေးလိုက်သော EXO အဖွဲ့သည် ယခုအခါတောင်ကိုရီးယား တွင်သာမက အာရှနိုင်ငံများအထိပါ အထူးရေပန်းစားကျော်ကြားလျက်ရှိသော တေးဂီတအဖွဲ့ဖြစ်လာပြီဟုလည်း သိရှိရ သည်။

 

 

Related News