တောင်ကိုရီးယားနာမည်ကြီးအနုပညာရှင်စုံတွဲဖြစ်သည့် Lee Jun Ki နှင့် JeonHye Bin တို့ သည် ၄င်းတို့၏အချစ်ဇာတ်လမ်းအားအဆုံးသတ်လိုက်ပြီဟု တရားဝင်ကြေညာလိုက်ကြောင်း သိရှိရသည်။

ချစ်သူများအ ဖြစ် ကာလအတန်ကြာလက်တွဲလာခဲ့ပြီးမှ နှစ်ဦးသဘောတူလမ်းခွဲပြတ်စဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဖျော်ဖြေရေးအေဂျင်စီတစ်ခုတည်း၏ စီမံခန့်ခွဲမှုအောက်တွင် အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေကြသော ၄င်းတို့နှစ်ဦး၏ လတ်တလောလမ်းခွဲလိုက်သည့်အခြေအနေနှင့် ပတ်သက်ပြီးNemo Actors Entertainment က တရားဝင်ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

Lee Jun Ki နှင့် JeonHye Bin တို့သည် ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးထုတ်လွှင့်ခဲ့သော Gunman in Joseonအမည်ရှိရုပ်ရှင်ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ကြရင်းဆုံတွေ့ခဲ့ကြပြီးချစ်သူများအဖြစ် လက်တွဲခဲ့ပြီဖြစ်ကြောင်းကိုယခုနှစ်ဧပြီလအတွင်းက တရားဝင်ထုတ်ဖော်ပြောကြားခဲ့ကြခြင်းဖြစ်သည်ဟုသိရှိရသည်။ 

 

 

Related News