ယခုနှစ်အတွင်း၌ မိသားစုပြဿနာများဖြင့် သရုပ်ဆောင်ပိုင်းတွင်မတွေ့ရဘဲ ဒါရိုက်တာအလုပ်ကိုပိုမိုအားထားနေသည့် မင်းသမီးအိန်ဂျလီနာဂျိုလီသည် Maleficent 2ဇာတ်ကားသစ်ဖြင့် ပရိတ်သတ်များရှေ့မှောက် ပြန်လာတော့မည်ဟုအတည်ပြုလိုက်ပြီဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် By the Sea ပြီးနောက် ရုပ်ရှင်ပိတ်ကားထက်မှ ပျောက်ကွယ်နေသည့် ဂျိုလီသည် အောင်မြင်ကျော်ကြားခဲ့သည့် Disneyထုတ်လုပ်ရေး၏ Maleficentဇာတ်ကား၏ ဇာတ်လမ်းတွဲသစ် Maleficent 2ကိုလာမည့် ဖေဖော်ဝါရီလတါင် စတင်ရိုက်ုကူးမည်ဟုသိရသည်။

" ကျွန်မတို့ ဇာတ်ညွှန်းကိုစတင် လုပ်နေပါပြီ။ဒီဇာတ်ကားဟာတကယ့်ကိုခိုင်ခံ့သည့်ဇာတ်အိမ်ဖြင့်တည်ဆောက်ထားတဲ့ နောက်ဆက်တွဲဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါ"လို့ ဂျိုလီက Deadline သတင်းဌာနကိုပြောခဲ့သည်ဟုသိရသည်။

၂၀၁၆ ခုနှစ်တွင် Maleficent 2 ဇာတ်ကားကိုမူလသရုပ်ဆောင် အန်ဂျလီနာဂျိုလီနှင့် ဆက်လက်ရိုက်ကူးသွားမည်ဟု Disney က သတင်းထုတ်ပြန်ခဲ့ဖူးသော်လည်းထိုစဉ်ကရိုက်ကူးမည့်ရက်ကိုအတိအကျ ဖော်ပြခဲ့ခြင်းမရှိပါ။ 

 

 

 

 

Related News