တောင်ကိုရီးယားသမိုင်းနောက်ကြောင်းခံရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် Battleship Island သည် စပိန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Sitges International Fantastic File Festival တွင် ပါဝင်ယှဉ်ပြိုင် သွားမည်ဟုသိရှိရသည်။

အောက်တိုဘာလ (၅) ရက်နေ့မှ (၁၅) ရက်နေ့ ကျင်းပမည့် အဆိုပါရုပ်ရှင်ပွဲတော်၏ တစ်နှစ်တာအတွင်းအထင်ကရဖြစ်သောရုပ်ရှင်ဇာတ်ကားများအားမိတ်ဆက်ပြသသည့် Orbita ကဏ္ဍ၌ Battleship Island ဇာတ် ကားအား ပြသသွားမည်ဖြစ်သည်။

ယင်းစပိန်ရုပ်ရှင်ပွဲတော်တွင် Battleship Island ဇာတ်ကားအားရိုက်ကူးသည့် နာမည် ကြီးကိုရီးယားဒါရိုက်တာရိုဆန်ဝမ်၏ Arahan၊ The City of Violence၊ The Unjust၊ Mad Sad Bad၊ Veteran အစရှိသည့် ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသခဲ့ဖူးသည်ဟုသိရှိရသည်။

ဂျပန်နိုင်ငံ၏ ကိုလိုနီလက်အောက် ရောက်ရှိနေသောတောင်ကိုရီးယားကျရောက်နေစဉ် ဂျပန်နိုင်ငံ၊ ဟာရှိမားကျွန်းရှိကျောက်မီးသွေးတွင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသောကိုရီးယားအလုပ်သမားများအကြောင်းကိုဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသော Battleship Island ဇာတ်ကားတွင် ဆောင်ဂျွန် ကီ၊ ဆိုဂျီဆပ်၊ ဟွမ်ဂျောင်မင်၊ ကင်ဆိုအန်းအစရှိသည့် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကြောင်း သိရှိရသည်။ 

 

 

Related News