တောင်ကိုရီးယားနိုင်ငံ၏ မင်းသားချောတစ်လက်ဖြစ်သော Jung Gyu-woonသည် ယခုလကုန်တွင် ၄င်း၏ချစ်သူမိန်းကလေးနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်းသိရှိရသည်။ ချစ်သက်တမ်း (၁) နှစ်ကျော်ပြီဖြစ်ပြီးမင်းသား Jung Gyu-woon နှင့်တွဲနေသည့် ချစ်သူမိန်းကလေးမှာတက္ကသိုလ်ကျောင်းသူဖြစ်ကြောင်းသိရသည်။ Gyu-woonသည် ၂၀၁၆ ခုနှစ်ကပထမအိမ်ထောင်နှင့် လမ်းခွဲခဲ့ပြီးယခုတစ်ကြိမ်လက်ထပ်ခြင်းမှာဒုတိယအကြိမ်မြောက်ဖြစ် သည်။ ၄င်းတို့နှစ်ဦး၏ မင်္ဂလာပွဲအားခင်မင်ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများဖြင့်သာကျင်းပသွားမည်ဖြစ်ပြီး ဘ၀လမ်း ခရီးသာသာစေရန်အတွက် ဆုမွန်ကောင်းတောင်းပေးပါကြောင်းသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မင်းသား Jung Gyu-woonသည် ယခုလက်ရှိတွင် “You’re Too Much” အမည်ရှိဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ 

 

 

Related News