စက်တင်ဘာလ ၉ ရက်နေ့ညနယူးယောက်တွင်ကျင်းပသည့် Business of Fashion 500 gala ညစာစားပွဲသို့ ကမ္ဘာကျော် အဆိုတော်မင်းသမီးလေးဆယ်လီနာဂိုမက်ဇ်သည်ခေတ်ဆန်ပြီးကျက်သရေရှိလှသည့် အ၀တ်အစားကို ၀တ်ဆင်ကာ လှပကျော့ရှင်းသည့်မိန်းမငယ်လေးအသွင်ဖြင့် တက်ရောက်ခဲ့သည်။

ဆယ်လီအများအပြားတက်ရောက်ပြည့်နှက်နေသည့် ၎င်းပွဲတော်တွင် တက်ရောက်လာသူအားလုံးကိုပန်းပွင့်ကြီးများ ဖြန့်ကျဲထားတသည့် ဂါဝန်ပါးလေးဖြင့်တက်ရောက်လာခဲ့သည့် အသက် ၂၅ နှစ်အရွယ် ဆယ်လီနာကဆွဲဆောင်ညှို့ယူဖမ်းစားနိုင်ခဲ့သည်ဟုသိရသည်။ ကျော့ရှင်းလှပသည့် ၀တ်စုံနှင့် ဖိနပ်အမြင့်ကိုတွဲဖက်ဝတ်ဆင်ထားမှုက ဆယ်လီနာ၏ အလှကိုပိုမိုမြင့်မားသွယ်လျ ပိုမိုပြည့်စုံနေစေသည်ကိုတွေ့ရသည်။ ဝတ်စုံကအသားကိုဖောက်ထွင်းမြင်နေရသော်လည်းအထဲတွင် ခါးအထိရှည်သည့် ဘောင်းဘီကိုဝတ်ထားသည့်အတွက် အမြင်ရိုင်းမနေသည်ကိုတွေ့ရသည်။

 

 

Related News