တောင်ကိုရီးယားနိုင်ငံ၏ ရုပ်ရည်ချောမောသောထိပ်တန်းမင်းသားတစ်လက်ဖြစ်သူဂျိုအင် ဆောင်သည် ၄င်းပါဝင်သရုပ်ဆောင်ထားပြီး (၁၉) မိနစ်ခန့်သာ ကြာမြင့်ခဲ့သည့် "Love Jo. Right Now” အမည်ရှိဇာတ်လမ်းတိုကိုမကြာမီကျင်းပတော့မည့် (၂၂) ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ Wide Angle ကဏ္ဍတွင် ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဇာတ်ကားအားဒါရိုက်တာဂျောင်ကာရောင်းကရိုက်ကူးသွားမည်ဖြစ် ကာအဆိုပါဇာတ်လမ်းတွင် နာမည်ကျော်အနုပညာငွေကြယ်ပွင့် ဂျိုအင်ဆောင်နှင့် ဇာတ်ကားရိုက်ကူးခွင့်ရရှိရန် ကြိုးပမ်းခဲ့ ရသော ဒါရိုက်တာတစ်ဦး၏ဘ၀အနေအထားအား ပုံဖော်ရိုက်ကူးရန် စီစဉ်လျက်ရှိသည်။ မင်းသားဂျိုအင်ဆောင်ကယင်းဇာတ်ကားတွင် ၄င်း၏ ဇာတ်ကောင်နေရာတွင် ပါဝင်မည်ဟု သိရသည်။

ဒါရိုက်တာဘက်ကယင်းဇာတ်လမ်းအတွက် ကမ်းလှမ်းခဲ့ရာဂျိုအင်ဆောင်ဘက်ကလည်းလက်ခံခဲ့သည့်အတွက် ယခုကဲ့သို့ ဇာတ်ကားသစ်ထွက်ပေါ်လာခြင်းဖြစ်ရာမင်းသားကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းဒါရိုက်တာဂျောင်ကာရောင်းကဆိုသည်။ 

 

 

Related News