ကမ္ဘာ့ထိပ်တန်းစာရင်းဝင် အမေရိကန် မော်ဒယ်လ် ဂျီဂျီဟက်ဒီးကိုတရုတ်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည့်အတွက်တရုတ်နိုင်ငံရှန်ဟိုင်းတွင်ကျင်းပမည့် Victoria’s Secret Fashion Show တွင်ပါဝင်ခွင့်ရတော့မည်မဟုတ်ကြောင်းသိရသည်။

ဂျီဂျီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်ပုံတွင်မျက်လုံးတော်ကိုစွေစောင်းနေသကဲ့သို့ ပြုလုပ်ထားသည့် မုန့်ကိုကိုင်ပြကာသရုပ်ဆောင်ခဲ့သည့်အတွက် ဗုဒ္ဓဘုရားကိုသရော်မှုနှင့် ဘာသာရေးနှင့်လူမျိုးရေးခွဲခြားသူအဖြစ် စွပ်စွဲခံရကာvisa ပိတ်ခ့ရခြင်းဖြစ်သည်။ 

အဆိုပါ ဗီဒီယိုထဲတွင်သူမကဗုဒ္ဓဘာသာကိုလှောင်ပြောင်စော်ကားသလို ဖြစ်နေသည့်အတွက် တရုတ်အာဏာပိုင်များစိတ်ဆိုးခဲ့ခြင်းဖြစ်ပြီးရာပေါင်းများစွာသောတရုတ်လူမျိုးများကလည်းသူမကိုအလွန်ဒေါသထွက်ခဲ့ကြပြီးဂျီဂျီကို၎င်းတို့နိုင်ငံတွင် ပြုလုပ်သည့် Victoria’s Secret Fashion Show တွင် ပါဝင်ခွင့်မပြုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုသိရသည်။ ဂျီဂျီကဲ့သို့ပင် အဆိုတော် ကေတီပယ်ရီသည်လည်းတရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ခံခဲ့ရပြီးVictoria’s Secret Fashion Showတွင် ပါဝင်ဖျော်ဖြေခွင့်မရတော့ကြောင်းသိရသည်။

 

 

Related News