တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းတေးဂီတအဖွဲ့ BTS အနေဖြင့် မကြာမီကျင်းပတော့မည့် အမေရိကန်တေးဂီတထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲအခမ်းအနား၌ BTS အဖွဲ့ ပါဝင်ဖျော်ဖြေမည့်အကြောင်းအရာအားဆုပေးပွဲကျင်းပရေးကော်မတီကမကြာသေးမီကမှ အတည်ပြုသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ယင်းထူးချွန်ဆုပေးပွဲအခမ်းအနားအားလာမည့်နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ် ကာ ABC ရုပ်သံလိုင်းမှတဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါထူးချွန်ဆုပေးပွဲတွင် BTS အပါအ ၀င် Diana Ross၊ Christina Auilera နှင့် Selena Gomez တို့ကဲ့သို့ ကမ္ဘာကျော်များလည်း ပါဝင်ဖျော်ဖြေသွားကြမည်ဟု သိရသည်။ အဖွဲ့ဝင် (၇) ဦးပါဝင်သည့် BTS အဖွဲ့ကို ၂၀၁၃ ခုနှစ်ကစတင်ဖွဲ့စည်းခဲံပြီး “2Cool4Skool” အမည်ရှိတေးအယ်လ်ဘမ်ဖြင့် တောင်ကိုရီးယားဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ 

 

 

Related News