ကမ္ဘာကျော်မင်းသားကြီးတစ်ဦးဖြစ်ပြီးထုတ်လုပ်သူတစ်ဦးလည်းဖြစ်သူစတီဗင်ဆီးဂဲလ်ကသူမအားလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုပြုလုပ်ခဲ့ကြောင်းအသက် ၄၄ နှစ်အရွယ် မင်းသမီးပေါ်တီယာဒီရိုစီကစွပ်စွဲခဲ့သည်ဟုသိရသည်။

အဆိုပါ စွပ်စွဲပြောကြားမှုကိုမင်းသမီးရိုစီကယခုလ ၈ ရက်နေ့ညပိုင်းတွင် တွစ်တာ၌ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားအားတည်းဖြတ်နေစဉ်အတွင်းမစ္စတာဆီးဂဲလ်ကသူမအား “ ရုပ်ရှင်ပိတ်ကားနောက်ကွယ်ကချစ်ရေးချစ်ရာကိစ္စတွေကအလွန်အရေးကြီးတယ်” ဟုပြောကြားခဲ့ပြီး ၎င်း၏ဘောင်းဘီဇစ်ကိုဖွင့်ပြခဲ့ကြောင်းသူမကစွပ်စွဲပြောကြားထားခြင်းဖြစ် သည်။

အဆိုပါစွပ်စွဲချက်အပေါ် မင်းသားကြီးကတုံ့ပြန်ပြောကြားမှု တစ်စုံတစ်ရာမပြုလုပ်ခဲ့ကြောင်းသိရသည်။ မင်းသမီး ရိုစီသည် US talk showအစီအစဉ်မှူး Ellen DeGeneres နှင့်လက်ထပ်ထားသူဖြစ်သည်။ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးစတီဗင်ဆီးဂဲလ်သည် ၁၉၈၀ ခုနှစ်တွင့် ၁၉၉၀ ခုနှစ်နှောင်းပိုင်းများတွင် အလွန်နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ၎င်း၏နာမည်ကြီးဇာတ်ကားများထဲတွင် Under Siege နှင့် Flight of Furyတို့သည် ကမ္ဘာကျော် ဇာတ်ကားများဖြစ်သည်။ မင်းသားကြီးအား ၂၀၁၆ ခုနှစ်တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံသားဖြစ်ခွင့်ပေးခဲ့သည်။

 

Related News