တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသော Shin Sung Rok နှင့် Go Hyun Jung တို့သည် သိပ်မကြာခင်ရိုက်ကူးတော့မည့် Return အမည်ရှိ ဒရမ်မာဇာတ်လမ်းတွဲတစ်ခု၌ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဇာတ်လမ်းတွဲတွင် မင်းသား Shin Sung Rok က ငွေကြေးချမ်းသာသော်လည်း အတိတ်ကာလက အမှားများအား ဖုံးကွယ်နေထိုင်နေသူ နည်းပညာကုမ္ပဏီတစ်ခု၏  ပိုင်ရှင် Oh Tae Suk အဖြစ် ပါဝင် သွားမည်ဖြစ်ကာ မင်းသမီး Go Hyun Jung ကမူ ရှေ့နေ Choi Ja Hae အဖြစ် ပါဝင်သွားမည်ဖြစ်သည်။

ရှေ့နေ Choi Ja Hae သည် တရားဥပဒေအကြောင်းအရာများကို တင်ဆက်ပေးနေသော Return အမည်ရှိ ရုပ်သံအစီအစဉ်တစ်ခု၏ အစီ အစဉ်တင်ဆက်နေသူတစ်ဦးလည်းဖြစ်သည်။ လူသတ်မှုတစ်ခုအား ဇာတ်လမ်းဆင်ကာ စိတ်ဝင်စားဖွယ်ရိုက်ကူးသွားမည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲအား SBS ရုပ်သံလိုင်းက လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလအတွင်း စတင်ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

 

 

Related News