ယခုမှ အချစ်စစ်ကိုတွေ့ပါပြီဟုကြွေးကြော်ထားပြီး ပြီခဲ့သည့် စက်တင်ဘာလကမှ ချစ်သူသစ်ကိုဖုတ်ပြခဲ့သည့် ကေမ္ဘာကျော်အဆိုတော် လေဒီဂါဂါက နေ၀င်ဆည်းဆာချိန်အလှတရားအောက်မှာ ချစ်သူနဲပပျော်ရွှင်ကြည်နူသည့် အရသာခံစားနေပုံကိုအင်စတာဂရမ်တွင် မျှဝေလိုက်သည်ဟု သိရသည်။

နေ၀င်ဆည်းဆာအလှနှင့်အတူပန်းရောင် ၀တ်စု့လေးဝတ်ထားသည့်သူမကိုချစ်သူကချီမြှောက်ထားသည့်ပုံကိုအင်စတာဂရမ်တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်လေဒီဂါဂါကချစ်သူအသက် ၄၈ နှစ်အရွယ်ChristianCarinoကိုစက်တင်ဘာလတွင်မှ တရားဝင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

လေဒီဂါဂါသည် သူမနှင့်ငါးနှစ်နီးပါးတွဲခဲ့သူအသက် (၃၅) နှစ်အရွယ် သရုပ်ဆောင် တေလာနှင့် ပြီးခဲ့သည့်ဇူလိုင်လကပြတ်စဲသွားခဲ့ခြင်းဖြစ်သည်။ဂါဂါကဟောလိဝုဒ်၏အကျော်အမော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ Christian Carinoနှင့်ကျမှ အချစ်စစ်ကိုတွေ့နေပါပြီဟုပြောကြားခဲ့သည်။

အဆိုပါဓာတ်ပုံကို ရိုက်ကူးထားသည့်နေရာမှာMalibu ရှိလေဒီဂါဂါ၏နေအိမ်တွင်ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည်ယင်းအိမ်တွင် ဒိတ်လုပ်ကာအပန်းဖြေအနားယူနေကြခြင်းဖြစ်သည်ဟုသိရသည်။ 

 

 

Related News