2017  Miss Universe ပြိုင်ပွဲကိုအမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ည၌ ကျင်းပခဲ့ရာနိုင်ငံပေါင်း ၉၂ နိုင်ငံမှ ကိုယ်စားပြုအလှမယ်များယှဉ်ပြိုင်ခဲ့ကြပြီးအသက် ၂၂ နှစ်အရွယ် တောင်အာဖရိကအလှမယ် Demi-Leigh Nel-Peters ကတော့ Miss Universe ဆုကိုဆွတ်ခူးရရှိသွားကြောင်းသိရသည်။

ကိုလမ်ဘီယာအလှမယ် Laura González က First runner-up ဆုနှင့် ဂျမေကာအလှမယ် Davina Bennett က Second runner-up ဆုတို့ကိုရရှိသွားခဲ့ကြောင်းသိရသည်။ ဆန်ကာတင်စာရင်းဝင်ခဲ့သည့် နိုင်ငံ ၁၃ နိုင်ငံတို့မှာထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ဂရိတ်ဗြိတိန်၊ အမေရိက၊ ဘရာဇီး၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနှင့် တရုတ်တို့ဖြစ်သည်။

တောင်အာဖရိကအလှမယ် Demi-Leigh Nel-Peters အား 2016 Miss Universe သရဖူရှင်ဖြစ်ခဲ့သည့် ပြင်သစ်အလှမယ် Iris Mittenaere  ကသရဖူကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ 

 

Related News