တောင်ကိုရီးယားတက်သစ်စမင်းသားတစ်လက်ဖြစ်သောရိုဆန်းဟိုသည် MBC ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမည့် “I’m not a Robot” အမည်ရှိရုပ်သံဇာတ်လမ်းတွဲတစ်ခု၌ ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မီနီဇာတ်လမ်းတွဲတစ်ခုဖြစ်သောအဆိုပါဇာတ်လမ်းတွဲသစ်တွင် လူသားနှင့် ဓာတ်မတည့်သည့်အခြေအနေရှိနေသဖြင့် ချစ်သူရည်းစားထားကာချိန်းတွေ့နိုင်ခြင်းမျိုးမပြုလုပ်နိုင်သောအမျိုးသားတစ်ဦးအကြောင်းအားဇာတ်လမ်းဆင် ကာရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲ၌မင်းသားရိုဆန်းဟိုကရုပ်ရည်ချောမောလှပသော်လည်းလူသားနှင့် ဓာတ်မတည့်သည့်အတွက် စက်ရုပ်တစ်ရုပ်သဖွယ် ဟန်ဆောင်နေထိုင်နေရသူအဖြစ် ပါဝင်ထားသည်။ အချစ်ဟာသဇာတ် လမ်းတွဲအမျိုးအစားဖြစ်ပြီးမင်းသားရိုဆန်းဟိုအတွက် ပထမဦးဆုံးဟာသအမြူးဇာတ်ကောင်အသွင်ဖြစ်ကြောင်းသိရသည်။

 

 

Related News