အင်္ဂလိပ် အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူPaloma Faith သည် ၂၀၁၃ ခုနှစ်ကတည်းကချစ်သူအဖြစ်လက်တွဲခဲ့သူ ပြင်သစ်နိုင်ငံသားLeymanLahcineဆိုသူနှင့် လန်ဒန်တွင် မင်္ဂလာပွဲငယ်လေးကျင်းပကာ လျှို့ဝျက်လက်ထပ်ပြီးဖြစ်ကြောင်းသတင်းများထွက်ပေါ်နေလျက်ရှိသည်။

အဆိုပါ လက်ထပ်သည့်သတင်းသည် ၎င်းတို့နှသ်ဦး၏ သားဦးလေးလေးမွေးဖွားပြီးကြောင်းကြေငြာပြီးသည့် တစ်နှစ်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမလက်ထပ်ပြီးပြီဆိုသည့်သတင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ကျင်းပခဲ့သည့် Royal Variety show တွင် သူမလက်တွင် ၀တ်ဆင်ထားသည့် လက်ထပ်လက်စွပ်ကြောင့် ပရိတ်သတ်များကသတိထားမိသွားခြင်းဖြစ်သည်ဟုသိရသည်။

Paloma Faith က မင်္ဂလာပွဲကိုမိသားစုများနှင့်မိတ်ဆွေအနည်းငယ်ကိုသာဖိတ်ခေါ်ပြီးလန်ဒန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူမသည်မင်္ဂလာကိစ္စကို လျှို့ဝှက်ခဲ့သော်လည်း သူမအနေဖြင့်ရင်သွေး၂ ယောက် (သို့မဟုတ်) ၃ ယောက်လောက်လိုချင်ပါသည်ဟုပွင့်လင်းစွာပြောကြားခဲ့ကြောင်းသိရသည်။ သူမသည် ၂၀၀၅ ခုနှစ်တွင် Rian Haynes နှင့်လက်ထပ်ခဲ့သော်လည်း၂၀၀၉ ခုနှစ်တွင်မူကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ်သည်။

 

 

Related News