တောင်ကိုရီးယားနာမည်ကြီးတေးသံရှင်တစ်ဦးဖြစ်သည့် PSY သည် လတ်တလောဖြစ်ပွားခဲ့ သော ပိုဟန်ငလျင်ဘေးဒဏ်သင့်ခဲ့သူများအား ထောက်ကူရန်အတွက် ဒေသခံပရဟိတအဖွဲ့တစ်ဖွဲ့အား ၀မ်သန်း (၁၀၀) လှူဒါန်းလိုက်ကြောင်း YG Entertainment က ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။

၎င်း၏အမည်ရင်း ပတ်ဂျေ ဆန်ဖြင့် Hope Bridge Korea Disaster Relief Association အမည်ရှိ ပရဟိတအဖွဲ့အား လှူဒါန်းလိုက်ခြင်းဖြစ်သည်။

PSY သည် “4x2=8” အမည်ရှိ ၄င်း၏အဋ္ဌမမြောက်တေးအယ်လ်ဘမ်အား ယခုနှစ်၊ မေလအတွင်းကဖြန့်ချိခဲ့ရာ ယင်း အယ်လ်ဘမ်တွင် ပါဝင်သော “I Luv it” အမည်ရှိ တေးသီချင်းဗွီဒီယိုမှာ YouTube စာမျက်နှာထက်၌ ကြည့်ရှုမှုနှုန်း (၆၅) သန်းရရှိထားသည်ဟု သိရသည်။ PSY ကဲ့သို့ပင် နာမည်ကျော်မင်းသမီးချောလီယောင်အေးကလည်း ငလျင်ဘေးခံစားခဲ့ရ သူများအတွက် ၀မ် (၁၀၆) သန်းလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ 

 

 

Related News