ကမ္ဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်များဖြစ်ကြသည့် ဘရတ်ပစ်နှင့် ဂျနီဖာလောရန့်စ်တို့ ချစ်ကြိုက်နေကြောင်းလတ်တလောသတင်းများထွက်ပေါ်လျက်ရှိသည်။ နာမည်ကြီးဒါရိုက်တာဒါရန်အာရွန်နော့ စကီးနှင့် လမ်းခွဲလိုက်သောမင်းသမီးဂျနီဖာနှင့် ဘရတ်ပစ်တို့သည် နှစ်ရက်အတူညဥ့်နက်အထိအချိန်ဖြုန်းကြလေ့ရှိသည် ဟုလည်း နီးစပ်ရာဟောလိဝုဒ်အသိုင်းအ၀ိုင်းတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယမန်နှစ်အတွင်းကဇနီးသည် အိန် ဂျလီနာဂျိုလီနှင့် ခွာပြဲခဲ့သည့် မင်းသားဘရတ်ပစ်သည်သိပ်မကြာသေးခင်ကာလကအချစ်ရေးနှင့် ပတ်သက်ပြီးသတင်းမယ်မယ်ရရထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်းယခုမှ ဂျနီဖာနှင့် ဒိတ်နေကြပြီဟူသောသတင်းများပေါ်ထွက်လာခြင်းဖြစ် သည်။

လက်ရှိတွင် အသက် (၅၄) နှစ်အရွယ်ရှိမင်းသားဘရတ်ပစ်သည် အသက် (၂၇) နှစ်သာရှိသေးသည့် ဂျနီဖာအားသဘောကျနေခဲ့သည်မှာ နှစ်အတန်ကြာရှိပြီဟုလည်းအတွင်းသတင်းအရင်းအမြစ်အချို့မှတဆင့် သိရသည်။ မင်းသမီးချောဂျနီဖာလောရန့်စ်သည် အဆိုကျော်ခရစ္စမာတင်၊ ဒါရိုက်တာအာရွန်နော့စကီးတို့ကဲ့သို့ သူမနှင့် အသက်အရွယ်များစွာကွာဟသူများနှင့် တွဲခဲ့ဖူးကြောင်းလည်းသိရသည်။ 

 

 

Related News