တောင်ကိုရီးယားနိုင်ငံ၏ နာမည်အကျော်ကြားဆုံးတေးဂီတအဖွဲ့တစ်ဖွဲ့ဟုပင် ဆိုနိုင်လောက် သည့် Girls’ Generation အဖွဲ့သည် မကြာသေးမီကမှ ယာဉ်မတော်တဆမှုတစ်ခုအား ရင်ဆိုင်ခဲ့ကြရာ အဆိုပါယာဉ် မတော်တဆမှုသည် မိမိကြောင့်သာဖြစ်ကြောင်း Girls’ Generation အဖွဲ့ဝင် Taeyeon က ၀န်ခံလိုက်သည်ဟု ဆိုးလ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းက Taeyeon သည် သူမ၏ မာစီးဒီးကားဖြင့် အငှား ယာဉ်တစ်စီးအား ၀င်တိုက်ခဲ့မိရာ အငှားယာဉ်ပေါ်မှ ယာဉ်မောင်းနှင့် ခရီးသည်တို့အား ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ ဆိုးလ်မြို့ရှိ ဂန်နမ်ရဲစခန်းက Taeyeon အား ဆင့်ခေါ်ကာ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယာဉ်တိုက်မှုဖြစ် စဉ်က Taeyeon သည် လမ်းမအား ဂရုမပြုမိဘဲ မောင်းနှင်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို လည်း လျော်ကြေးငွေများ စီစဉ်ပေးသွားမည်ဖြစ်သည်။ Taeyeon အား စွဲချက်တင်နိုင်ရန်အတွက် အစိုးရရှေ့နေများကို တောင်းဆိုလိမ့်မည်မဟုတ်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် Taeyeon ၏ ကားပေါ်၌ သူမ၏ အချစ်တော်ခွေးရှိနေခဲ့ပြီး ယင်းခွေးကြောင့်ပင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု အချို့က စွပ်စွဲထားကြ သည်။ 

 

 

Related News