တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သော TWICE ၏ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖြန့်ချိခဲ့သည့် Twicecoaster: Lane2 အမည်ရှိတေးအယ်လ်ဘမ်တွင် ပါဝင်သော “Knock Knock” သီချင်းဗွီဒီယိုသည် လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ၏ လူကြိုက်အများဆုံးသီချင်းဗွီဒီယိုဖြစ်လာကြောင်း YouTube ၀က်ဘ်ဆိုဒ်က ထုတ်ပြန်သည့်သတင်းအရသိရသည်။

ယမန်နှစ်ကထွက်ရှိခဲ့သော TWICE အဖွဲ့၏ Cheer Up အမည်ရှိသီချင်းဗွီဒီယိုသည်လည်း YouTube စာမျက်နှာကထုတ်ပြန်ခဲ့သည့်စာရင်း၏ နံပတ် (၁) နေရာ၌ရပ်တည်နိုင်ခဲ့ သည်။ ယခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ဖြန့်ချိခဲ့သော “Knock Knock” အမည်ရှိသီချင်းဗွီဒီယိုအား ကြည့်ရှုမှုနှုန်းမှာ (၁၅၆.၃၉) သန်းရှိခဲ့ကာယင်းလူကြိုက်အများဆုံးစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယနေရာ၌ TWICE အဖွဲ့၏ Signal၊ တတိယနေရာတွင် IU ၏ နောက်ဆုံးထွက်တေးသီချင်း Palette၊ စတုတ္ထနေရာတွင် PSY ၏ I Luv It၊ ပဉ္စမနေရာ၌ Red Velvet အဖွဲ့၏ Red Flavourအစရှိသဖြင့် အသီးသီးရပ်တည်လျက်ရှိကြကြောင်းသိရှိရသည်။

 

 

Related News