အမေရိကန်ထိပ်တေးတေးသံရှင်တေလာဆွစ်သည် လတ်တလောသူမ၏ (၂၈) နှစ်ပြည့် မွေးနေ့အတွက် အချစ်ဆုံးသူငယ်ချင်းဆယ်လီနာဂိုမက်ဇ်ထံမှ ချစ်စဖွယ်မွေးနေ့ဆုတောင်းအားလက်ခံရရှိခဲ့ကြောင်းသိရှိရသည်။ ဒီဇင်ဘာ (၁၃) ရက်နေ့ကကျရောက်ခဲ့သည့် တေလာဆွစ်၏ မွေးနေ့နံနက်ခင်းတွင် ဆယ်လီနာကသူမ၏ လူမှု ကွန်ယက်မီဒီယာမှတဆင့် ဗွီဒီယိုဖိုင်နှင့်တကွ မွေးနေ့ဆုတောင်းစကားအားရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

အချစ်ဆုံးသူငယ်ချင်းနှစ်ဦးပျော်ရွှင်စွာရယ်မောနေကြသည်ကိုမှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖိုင်နှင့်အတူဆယ်လီနာကတေလာ့ အနေဖြင့် ယခုကဲ့သို့မွေးဖွားလာခြင်းအတွက် လွန်စွာဝမ်းမြောက်မိကြောင်း၊ အခြားသူများနှုတ်မှထုတ်ဖော်ပြလောက်သည် ထိမစွမ်းနိုင်သောအတွေးများပိုင်ရှင်ဖြစ်သလို ကြီးကျယ်ခမ်းနားလွန်းသည့် နှလုံးသားပိုင်ရှ်ငလည်းဖြစ်ကြောင်းရေးသားထားသည်။

အဆိုပါဗွီဒီယိုဖိုင်ထဲတွင် ဆယ်လီနာအားရွှေရောင်ဆံပင်ဖြင့် တွေ့မြင်ရသည့်အတွက် ယင်းဗွီဒီယိုဖိုင်သည် မကြာသေးခင်ကမှ မှတ်တမ်းတင်ထားပုံရသည်။ ၄င်းတို့နှစ်ဦးသည် များပြားလွန်းသည့် အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေ ကြသည့်ကြားကတစ်ဦးနှင့်တစ်ဦးအချိန်ပေးတွေ့ဆုံကာအရင်းနှီးဆုံးဆက်ဆံရေးအခြေအနေအားထိန်းသိမ်းထားမြဲဖြစ် သည်။ လတ်တလောကျရောက်ခဲ့သည့်တေလာဆွစ်၏ မွေးနေ့အတွက် ဆယ်လီနာအပြင် တခြားနာမည်ကျော်အနုပညာရှင်များကလည်းမွေးနေ့ဆုတောင်းစကားများရေးသားပေးပို့ခဲ့ကြကြောင်းသိရှိရသည်။ 

 

 

Related News