မကြာသေးမီရက်ပိုင်းကတောင်ကိုရီးယားရုပ်သံမီဒီယာ Channel A မှ စီစဉ်တင်ဆက် သည့် Heard It Through the Grapevine အမည်ရှိရုပ်သံအစီအစဉ်တစ်ခုတွင် တောင်ကိုရီးယားထိပ်တန်းသရုပ် ဆောင်များဖြစ်ကြသည့် Shin Min Ah နှင့် Kim Woo Binတို့၏ အချစ်ဇာတ်လမ်းကအဓိကအကြောင်းအရာဖြစ်ခဲ့ ကြောင်းသိရှိရသည်။

မင်းသား Kim Woo Bin တက်ရောက်ကာဆေးကုသမှုခံယူနေသည့် ဆေးရုံသို့ မင်းသမီး Shin Min Ah က သူမရိုက်ကူးရေးမရှိသည့်နေရက်တိုင်းသွားရောက်ကာအဖော်ပြုပေးလေ့ရှိကြောင်း၊ ချစ်ခြင်းမေတ္တာကိုအလွန်တန်ဖိုးထားပြီးအင်မတန်စိတ်ထားလှပသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းအဆိုပါအစီအစဉ်တင်ဆက်သူတစ် ဦးကဆိုသည်။

နောက်ထပ်အစီအစဉ်တင်ဆက်တစ်ဦးကလည်း ၄င်းတို့နှစ်ဦး ပြတ်စဲသွားပြီဟူသည့် သတင်းမှာမမှန် ကန်ကြောင်း၊ ချစ်သူသက်တမ်း (၂) နှစ်ကျော်ကြာသက်တမ်းအတွက် ပြဿနာတစ်စုံတစ်ရာမရှိဘဲမင်းသားနာမကျန်း ဖြစ်နေသည့်အချိန်တစ်လျှောက်လုံးမှာလည်းမင်းသမီးကဂရုတစိုက်ပြုစုပေးနေဆဲဖြစ်ကြောင်း၊ ကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် ချစ်သူအားပစ်မထားဘဲသံယောဇဉ်ပိုမိုခိုင်မာလာသည့် လေးစားအားကျစရာစုံတွဲဖြစ်ကြောင်း Heard It Through the Grapevine  အစီအစဉ်မှတဆင့် သတင်းပေးပြောကြားသွားခဲ့ကြသည်ဟုသိရှိရသည်။ 

 

 

 

Related News