အမေရိကန်မီဒီယာလောကမှ လိင်တူချင်းစုံဖက်ကြသူများဖွဲ့စည်းထားသည့် လိင်တူစုံမက်သူများအားကာကွယ်ရေးအဖွဲ့ (GLAAD) မှ ရွေးချယ်ပေးအပ်မည့် GLAAD မီဒီယာဆုအတွက် ဆန်ခါတင်စာရင်းထဲတွင် Lady Bird နှင့် Call Me By Your Nameအစရှိသည့် ရုပ်ရှင်ဇာတ်ကားများ ပါဝင်နေကြောင်း သိရှိရသည်။

အဆိုပါဇာတ်ကားနှစ်ကားစလုံးသည် ယခုနှစ်အတွက် ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆုများကိုပူပူနွေးနွေးရရှိထားသည့် ရုပ်ရှင်ကားများဖြစ်ကြသည်။ အဆိုပါဇာတ်ကားနှစ်ကားအပြင် Battle of the Serces နှင့် The Shape of Water အစရှိသည့်ဇာတ်ကားများလည်း ပါဝင်သည်။

အဆိုပါအဖွဲ့သည် မိန်းမလျာများနှင့် လိင်တူစုံမက်သူများအကြောင်းအားညီညွတ်မျှတစွာကိုယ်စားပြုနိုင်သည့် ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများနှင့် အနုပညာရှင်များကို ၁၉၈၉ ခုနှစ်ကတည်းကစတင်ကာရွေးချယ်၍ GLAAD မီဒီယာထူးချွန်ဆုအား နှင်းအပ်ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် GLAAD မီဒီယာဆုဆန်ခါတင်ဇာတ်ကားများစာရင်းတွင် အဓိကရုပ်ရှင်ကားနှစ်ကားတည်းသာ ပါဝင်နေသည့်အတွက် (၂၉) နှစ် တာသက်တမ်းရှိပြီဖြစ်သောဆုပေးပွဲသမိုင်းတစ်လျှောက်တွင် အရေအတွက်အနည်းဆုံးဆန်ခါတင်စာရင်းအဖြစ် မှတ် တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။ 

 

 

Related News